Slot Machine ဆိုတာဘာလဲ?
Slot Machine
Slot Machine၊ Fruit Machine၊ Puggy၊ The Slots၊ Poker Machine၊ Pokies၊ Slot စသဖြင့် အမည်မျိုးစုံရှိသော အကြွေစေ့စက်တွေသည် Casino တိုင်းမှာတွေ့နိုင်ပါသည်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာတုန်းကတော့ အကြွေစေ့စက်များဟာ ရိုးရှင်းပြီး ဆုကြေးငွေနည်းသောကြောင့် လူကြိုက်နည်းလွန်းလှပါတယ်။ ယခုအချိန်မှာတော့ အကြွေစေ့စက်များဟာ လူကြိုက်များလာပြီး Casino ရုံများရဲ့ ၇၀ရာခိုင်နှုန်းသောဝင်ငွေကို ထောက်ပံ့လာနိုင်တဲ့အထိ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတာကလည်း ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေ၊ မြင့်မားတဲ့ဆုကြေးငွေတွေ၊ မီးရောင်စုံတီးလုံးသံတွေနဲ့ လူအမြောက်အများရဲ့စိတ်ဝင်စားမှုကို ဖမ်းယူနိုင်လို့ပါပဲ။ လူအမြောက်အများနဲ့ ဆူညံနေတဲ့ လောင်းကစားခုံတွေကို ရှောင်ရှားလိုတဲ့ ကစားသမားတွေအဖို့ အကြွေစေ့(သို့မဟုတ်)ပိုက်ဆံထည့်ရုံနဲ့ မိမိတစ်ယောက်တည်း ကစားလို့ရတဲ့ အကြွေစေ့စက်တွေကို ပိုမိုရွေးချယ်လာပါတယ်။ နောက်ပြီးတော့ မိမိဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ဆုကြေးငွေတွေဟာလည်း အကြွေစေ့စက်တွေမှာသာ ရရှိနိုင်လို့ပါပဲ။
အကြွေစေ့စက်တွေမှာ အနိုင်ရရှိဖို့ဆိုတာ နည်းစနစ်အတိအကျရယ်လို့ မရှိပါဘူး။ အွန်လိုင်းမှာ တွေ့ရှိနိုင်တဲ့ အကြွေစေ့စက်တွေမှာ အနိုင်ရရှိနည်းတွေဟာ ပိုမိုကောင်းမွန်တဲ့နည်းစနစ်တွေသာ ပြသနိုင်ပေမယ့် တစ်ကယ်တမ်းတော့ အနိုင်ရရှိဖို့ဆိုတာ ကံအပေါ်မှာသာ ၁၀၀ရာခိုင်နှုန်း မူတည်ပါတယ်။
အကြွေစေ့စက်တွေဟာလိမ်လည်နိုင်ပါသလား?
အကြွေစေ့စက်တွေမှာ မသမာမှုတွေ၊ လိမ်ညာမှုတွေမရှိစေဖို့ New Mexico Gaming Control Board လိုမျိုးအဖွဲ့အစည်းတွေက ကြပ်မတ်ပေးပါတယ်။ လိုင်စင်ရ Casino ရုံတွေမှာ ဒီလိုအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ညီတဲ့ အကြွေစေ့စက်တွေကိုသာ အသုံးပြုရပါတယ်။
အကြွေစေ့စက်တွေဘယ်လိုအလုပ်လုပ်လဲ?
အကြွေစေ့စက်တွေထဲမှာ ကွန်ပြူတာချစ်ပ်လေးတွေ ထည့်ထားပါတယ်။ ဒီကွန်ပြူတာချစ်ပ်လေး တွေက တစ်စက္ကန့်ရဲ့အပုံ၁၀၀မှာ ကျပန်းကိန်းဂဏန်းတစ်ခုထုတ်ပေးပါတယ်။ ကစားသမားက Spin သို့မဟုတ် Play ဆိုတဲ့ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာ စောစောကကွန်ပြူတာချစ်ပ်လေးတွေက ကျပန်းကိန်းဂဏန်းတွေ ထုတ်ပေးပြီး ဒီကိန်းဂဏန်းတွေဟာ ရုပ်ပုံကားချပ်အဖြစ် အကြွေစေ့စက်ရဲ့ ဖန်သားပြင်ပေါ်မှာသွားပေါ်ပါတယ်။ ပေါ်လာတဲ့ ရုပ်ပုံကားချပ်တွေအလိုက် မိမိလောင်းကြေးငွေနဲ့ မြှောက်ပြီး ဆုကြေးငွေပြန်ထုတ်ပေးပါတယ်။
Reels
အကြွေစေ့စက်တွေတွင် Reels လို့ခေါ်တဲ့ဘီးတွေမှာ ရုပ်ပုံတွေပေါ်ပါတယ်။ ခုခေတ်မှာတော့ ဖန်သားပြင်ပေါ်မှာ ဒေါင်လိုက်လည်နေတဲ့ ဘီးပုံသဏ္ဍာန်ပဲ ပေါ်ပါတော့တယ်။ 3 Reel၊ 5 Reel၊ 6 Reel၊ 7 Reel စသဖြင့် အမျိုးအစားတွေ ခွဲထားပြီး ဘီးအရေအတွက် ပိုများလေ ဆုကြေးပိုများပြီး အနိုင်ရရှိဖို့ ပိုခက်ခဲလေပါပဲ။
Lines
ဒေါင်လိုက်လည်နေတဲ့ Reel ရပ်သွားတဲ့အခါ ရုပ်ပုံကားချပ်တွေပေါ်လာပါတယ်။ ဒီရုပ်ပုံကားချပ်တွေ ရပ်သွားတဲ့အခါ အလယ်မျဉ်း၊ အပေါ်မျဉ်း၊ အောက်မျဉ်း၊ ဒေါင်လိုက်မျဉ်း စသဖြင့် အမျိုးမျိုးသော မျဉ်းအတွင်းမှာ ရုပ်ပုံကားချပ်ဘယ်နှစ်ခု စုမိမလဲလောင်းရတာကို Line ဟုခေါ်ပါတယ်။ ဥပမာ- မိမိက အလယ်မျဉ်းကိုလောင်းထားပြီး အလယ်မျဉ်းအတွင်း ရုပ်ပုံကားချပ် ၃ခုစုမိလျှင် ၃နှင့်အမှတ်တွေကို မြှောက်ပေးပါတယ်။ မျဉ်းအရေအတွက် များများလောင်းလေ အမှတ်များများရလေပါပဲ။
Denominations
ကစားသမားသည် အကြွေစေ့စက်ထဲသို့ အကြွေစေ့၊ပိုက်ဆံစသဖြင့် ထည့်ပြီးကစားလို့ရပါတယ်။ Casino အများတွင်လည်း ATM Card ကဲ့သို့သော Member Card များလုပ်ပြီး ကစားလို့ရပါတယ်။ ဒီကဒ်တွေက Bank Acc သို့မဟုတ် Personal Acc တစ်ခုခုနဲ့ ချိတ်ဆက်ပြီး ပိုက်ဆံထည့်ခြင်းတွေ၊ ဆုကြေးငွေထုတ်ခြင်းတွေ လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။ ဒီလိုစက်ထဲကို ငွေသားထည့်ပြီးတာနဲ့ ငွေသားကို Credit ပမာဏပြောင်းလဲပေးပါတယ်။ ထို့နောက် မိမိကစားမယ့် ယူနစ်ပမာဏကို သတ်မှတ်ခိုင်းပါတယ်။ ယူနစ်များလေ ဆုကြေးငွေများလေ Jackpot ပမာဏများလေပါပဲ။ ဥပမာ-မိမိက ၁ဝပြားဖိုး သတ်မှတ်ထားမယ်ဆို Jackpot ပမာဏ ၁၀သိန်းအထိပဲရနိုင်ပေမယ့် ၁ဒေါ်လာဖိုး သတ်မှတ်ရင်တော့ သန်း၁၀၀အထိ Jackpot ရနိုင်ပါတယ်။ ဒါပေမယ့် လောဘကြီးပြီး ပိုက်ဆံအများကြီး မထည့်လိုက်ပါနဲ့။ ကိုယ်တတ်နိုင်တဲ့ပမာဏကို သတ်မှတ်ထားတာက သင့်ကိုရေတိမ်မနစ်စေမယ့် ဆုံးဖြတ်ချက်တစ်ခုပါ။
Jackpot
Casino တွေမှာတူညီသော အကြွေစေ့စက်တွေ၊ ဒါမှမဟုတ် နီးစပ်ရာအကြွေစေ့စက်တွေကို ချိတ်ဆက်ထားလိုက်ပါတယ်။ ဒီစက်တွေထဲက စက်တစ်ခုကို ကစားသမားတစ်ယောက်က ပိုက်ဆံထည့်လိုက်တာနဲ့ Jackpot ပမာဏဟာ တိုးသွားပါတယ်။ ဒီလိုနဲ့ ကစားသမားတွေ ပိုက်ဆံထည့်တိုင်း ပမာဏထပ်ထပ်တိုးသွားပြီး ကံကောင်းတဲ့ ကစားသမားတစ်ယောက်က Jackpot ပေါက်သွားတဲ့အခါ စောစောကစုထားတဲ့ငွေပမာဏအားလုံး ရရှိသွားပါတယ်။ ဒီလိုပေါက်သွားရင် Jackpot ပမာဏလျော့သွားပြီး ကစားသမားတွေ ပိုက်ဆံပြန်ထည့်တိုင်း ပမာဏပြန်တက်သွားမှာပါ။ တစ်ချို့ Casino တွေမှာဆို ကစားသမားတွေ စိတ်ဝင်စားမှုများအောင် Slot စက်တွေအားလုံးကို ချိတ်ဆက်ပြီး ပိုပိုပမာဏများတဲ့ Jackpot ဖြစ်အောင်လုပ်လာကြပါတယ်။
Games
ငွေအကြွေစေ့စက်တွေအတွက် ရာထောင်မကသော ဂိမ်းအမျိုးအစားတွေရှိပါတယ်။ တစ်ချို့စက်တွေက ဂိမ်းအမျိုးအစားများစွာ ပါဝင်ပေမယ့် တစ်ချို့စက်တွေကတော့ ဂိမ်းတစ်ခုပဲ ကစားလို့ရပါတယ်။ ဂိမ်းတစ်ခုနဲ့တစ်ခုဟာ ဆုကြေးငွေကော၊ စည်းမျဉ်းပါ မတူတဲ့အတွက် ဂိမ်းတစ်ခုကို ကစားတော့မယ်ဆိုရင် သူ့မှာပါတဲ့ ဆုကြေးငွေတွေ၊စည်းမျဉ်းတွေကို သေချာဖတ်ရှုဖို့လိုပါတယ်။ ကိုယ်ကစားတဲ့ပုံစံနဲ့ လိုက်ဖက်ညီတဲ့ဂိမ်းအမျိုးအစားကို ကစားခြင်းဟာလည်း အနိုင်ရရှိဖို့ အခွင့်အလမ်းတစ်ခုပါ။ ဂိမ်းတွေကို ရွေးချယ်တဲ့နေရာမှာ ဆုကြေးငွေအဆများတဲ့ ဂိမ်းတွေရှိပါတယ်။ သင်သာအချိန်ပေးနိုင်ရင် အကြွေစေ့စက်တစ်ခုချင်းစီကို သေသေချာချာလေ့လာပြီးမှ ကစားပါ။
အကြွေစေ့စက်ကစားတော့မယ်ဆိုလျှင်ဘာတွေသတိထားရမလဲ?
• သင်တတ်နိုင်တဲ့ပိုက်ဆံပဲယူသွားပါ။ လောဘကြီးခြင်းဟာ တန်ဆေးလွန်ဘေးဆိုသလို သင်စိတ်မထိန်းနိုင်တဲ့အခါ ဆုံးရှုံးမှုအလွန်များလာပါလိမ့်မယ်။
• ပစ္စည်းတွေ၊ အင်္ကျီတွေစက်အပေါ်မှာတွေ့လျှင် မယူပါနဲ့။ အကြွေစေ့ကစားသူ အများစုဟာ တစ်ယောက်တည်းလာတာ ဖြစ်တဲ့အတွက် အိမ်သာသွားတာမျိုး၊ စားစရာမှာတာမျိုးမှာဖြစ်စေ မိမိတို့ပစ္စည်းတစ်ခုခုကိုချန်ထားလေ့ရှိပါတယ်။ ကင်မရာတွေလည်းနေရာတိုင်းမှာရှိတဲ့အတွက် သင့်အနေနဲ့ အရှက်ရစရာဖြစ်လာနိုင်ပါတယ်။
• လူရှင်းတဲ့အကြွေစေ့စက်တန်းတွေကိုရှောင်ပါ။ ကစားသမားတွေဟာ ဆုကြေးငွေများတဲ့ စက်တွေကိုပဲ ကစားတဲ့အတွက် အကြွေစေ့စက်အတန်းလိုက်ကြီး လူရှင်းနေလျှင် ဒါဟာ ဆုကြေးငွေနည်းတဲ့စက်တွေ ဒါမှမဟုတ် မကောင်းတဲ့ဂိမ်းတွေဖြစ်နိုင်ပါတယ်။
• Credit ပမာဏကို မျက်ခြေမပြတ်ပါစေနဲ့။ အကြွေစေ့ဂိမ်းအများစုဟာ သင်ဆော့လျှင် ဆော့သလောက် ဆုကြေးငွေအဆတိုးတဲ့အတွက် သင့်ရဲ့ Credit ပမာဏမကုန်ခင်မှာ ငွေဖြည့်ဖို့ အမြဲသတိရပါ။
Comments
Post a Comment